မြင်းခွာရွက် ( အရိပ်ခြောက် ) ၁၀ ကျပ်သား
နနွင်းတက်စစ်စစ် ၂ ကျပ်သား
ဖာလာ ၂ ကျပ်သား
လင်းနေ ၁ ကျပ်သား
ဂျင်းချောက် ၁ ကျပ်သား
ဇာဒိပ္ဖိုလ်သီး ( အခွံပါ ) ၃လုံး
ကလောသီး ( အခွံပါ ) ၃ လုံး
ဇီးဖြူသီးချောက် ၅ လုံး
ငြုတ်ကောင်း ၂ စေ့
ပရုပ် ၈ ပဲ
သကြားခဲ ၁၀ ကျပ်သား
အားလုံးကို အမှုန့်ပြု၍ ပျားရည်တစ်ပုလင်းဖြင့်တေပါ ဇီးသီးခန့် နံနက် နေ့လည် ည အိပ်ယာဝင် တစ်နေ့ ၃ ကြိမ်စားပါ ဆေးအမယ်များသာ စစ်ပါစေ ပွဲတွေ့အကျော်ဆေး ဟု သမားက ဆို၏
ဓာတ်လေးပါ မျှတစေ၏ သွေးအားဖြစ်စေ၏ နှလုံးကို အားဖြစ်စေ၏ ပေါ့ပါးစေ၏ လူရော လိင်ပါ လန်းစေ၏ သုတ်ဓာတ်ကို ကြွစေ၏ အမောခံနိုင်၏ အစဉ် ကျန်းမာကာ လူအား လိင်အား ပွားများစေသော ဆေးမြတ် ဖြစ်ပါသည်။













0 comments:
Post a Comment