Friday, November 14, 2014

ရသာယန အဟာရဓာတ်ဖြည့် အားတိုးဆေး



မြင်းခွာရွက် ( နေမလှမ်းချောက် ) ၂၅ ကျပ်သား
ဇီးဖြူသီးချောက် ၅ ကျပ်သား
ဖန်းခါးသီးချောက် ၅ ကျပ်သား
သစ်ဆိမ့်သီးချောက် ၅ ကျပ်သား
တြိကဋုက် ၃ ပါး ၆ ပဲစီ

ဤဆေးအားလုံးကို အမှုန့်ပြုပါ

ပျားရည် ၂၅ ကျပ်သား
ထန်းလျက် ၂၀ ကျပ်သား
မန်းကျည်းမှည့်အနှစ် ၁၅ ကျပ်သား

ဤဆေးအားလုံးကို သမအောင်တေ၍ ဖလ်ဘူး ကြွေဘူးနှင့်
လုံစွာထား ညနံနက် ကွမ်းသီးလုံးခန့်စားလေ တစ်နေ့ နွားနို့
တစ်ဖလ်ခွက် သောက်လေ

အဟာရဓာတ် ချို့ ယွင်း၍ သွေးသားမဖြစ် ခွန်အားမဖြစ်
ပိန်ချုံး ချည့်နဲ့နေသူများ ထိုင်းမှိုင်းဝေရီ မနေတတ်ဖြစ်သူ
များ မလှုပ်ချင် မရှားချင် ငေးမောဖြစ်နေသူများ အကြောမသန်
အားအင်ချို့ ငဲ့နေသူများ အသားအရေ ကျစ်လစ် စိုပြေခြင်း မရှိ
သူများ သွေးအား နှလုံးအားနဲ သူများ ဥဏှောက်အားနဲ၍ ထိုင်း
မှိုင်းပျင်းရိသူများ ကယောင်ချောက်ချား ပေါကြောင်ကြောင်ဖြစ်
တတ်သူများ ကာယအား ကာမအား နဲပါးသူများ

သွားမကောင်းသူများ သွားဖုံးနာ ဖြစ်တတ်သူများ မျက်စိ အားနည်း
သူများ ကိုယ်သားကိုယ်ရေ အရောင်အဆင်းမလှ မွဲချောက်ချောက်
ဖြစ်သူများ ဆံပင်ကျွတ်လေ့ရှိသူများ အရွယ်မတိုင်မီ ဆံဖြူသွားကျိုး
သူများ ဖောယောင်သူများ စစ်ကနဲ့ ဟိုမှသည်မှ နာကျင်တတ်သူများ

စားမဝင်အိပ်မပျော်သူများ ကြောက်ရွံတုန်လှုပ်တတ်သူများ အကြောင်း
မဲ့လန့်တတ်သူများ ယားယံတတ် အကွက်ပေါ်တတ်သူများ

ရက်လ ကြာစွာ မီးယပ်ထန်ခြင်း လွန်ခြင်း အဖြူဆင်းခြင်း တလအတွင်း
မီးယပ်နှစ်ကြိမ်လာခြင်း မီးယပ်လာလျှင် နာကျင်ကိုက်ခဲခြင်း မီးယပ်ပိန်
ခြောက် အိုရုပ်ပေါက်ခြင်း

ဤဆိုခဲ့သော ဝေဒနာများ ပျောက်ကင်းလျက် ကျန်းမာ ဝဖြိုး အားအင်
တိုးစေသော ဆေးမြတ်ဖြစ်ပါသည် ရုပ်ကလာပ်များ စည်ပင်တိုးပွား အားဟူ
သမျှ ဖြစ်စေသော ဆေးမြတ်ဖြစ်ပါသည်။


Vimax Myanmar

0 comments:

Post a Comment

RACIAL FACTORS IN PENIS SIZE

Despite reinforcing every ethnicity-based penis stereotype imaginable, the map below does contain a few surprises, like that the world's most powerful nations seem to be the least powerful where it counts.